ဘုရားသခင်အား အစဉ်အမြဲအစေခံခြင်း

Brad (ဘရတ်)သည် မြို့သစ်တစ်မြို့သို့ ပြောင်းလာပြီး ဘုရားဝတ်ပြုနိုင်မည့် အသင်းတော်တစ်ပါးကို မြန်ဆန်စွာပင် ရှာတွေ့ခဲ့သည်။ ဝတ်ပြုစည်းဝေးများသို့ ရက်သတ္တပတ်အနည်းငယ် သွားပြီးသည့်နောက် တနင်္ဂနွေနေ့တစ်နေ့တွင် သင်းအုပ်ဆရာအား မည်သည့်နည်းနှင့်မဆို အစေခံလိုကြောင်း သူ့ဆန္ဒကို ထုတ်ဖော်ပြောပြခဲ့သည်။ “တံမြက်စည်းကို ကိုင်ချင်တာပါပဲ”ဟု သူဆိုသည်။ သူသည် ဝတ်ပြုစည်းဝေးအတွက် ခုံများ ကူစီပေးခြင်း၊ သန့်စင်ခန်းများကို သန့်ရှင်းရေး လုပ်ပေးခြင်းဖြင့် စတင်ခဲ့သည်။ နောက်ပိုင်းတွင် ဘရတ် ၏ပါရမီမှာ သင်ကြားခြင်းဖြစ်ကြောင်း အသင်းတော်မိသားစုက သိရှိခဲ့သော်လည်း သူက ဘာမဆို လုပ်ချင်စိတ်ရှိသည်။

သခင်ယေရှုသည် တပည့်တော်နှစ်ပါးဖြစ်သော ယာကုပ်၊ ယောဟန်နှင့် သူတို့၏ မိခင်ဖြစ်သူကို အစေခံခြင်းအကြောင်း သင်ခန်းစာတစ်ခု ပေးခဲ့သည်။ သခင်ယေရှု နိုင်ငံတော်တည်ထောင်သောအခါ သခင်၏ဘေးတစ်ဘက်တစ်ချက်စီ၌ သားများကို ထိုင်ရသောအခွင့်ပေးရန် သူတို့၏မိခင်က တောင်းဆိုခဲ့သည် (မ ၂၀:၂၀-၂၁)။ အခြားတပည့်တော်များက ဤအကြောင်းကို ကြားသောအခါ သူတို့ကို ဒေါသထွက်ကြသည်။…

ယခုပင် ကရုဏာကျေးဇူး ပြတော်မူပါ

အလုပ်နားချိန်ခဏသာရသည့် သူငယ်ချင်း ဂျယ်ရီ၏ အလုပ်နားချိန်၌ နေ့လည်စာ အတူစားရန် အသင့်စားအစားအစာရောင်းသည့် ဆိုင်သို့ ကျွန်မတို့ ခပ်သုတ်သုတ် သွားကြသည်။ ဆိုင်အဝင်ဝတွင် ကျွန်မတို့နှင့် တစ်ချိန်တည်း ရောက်လာသော လူငယ် ၆ ယောက်က ကျွန်မတို့ရှေ့မှ အရင်ဦး၍ ဝင်သွားကြသည်။ အချိန်လုနေရသဖြင့် စိတ်ထဲမှမြည်တမ်းမိသည်။ အစားအစာများကို သူတို့အရင်မှာယူနိုင်ရေး ကောင်တာနှစ်ခုစလုံး၏ရှေ့တွင် သူတို့အဖွဲ့လိုက် နေရာယူထားသည်။ ထိုစဉ် “ယခုတွင် ကျေးဇူးကရုဏာပြတော်မူပါ” ဟု ဂျယ်ရီ၏ ရေရွတ်သံကို ကျွန်မကြားလိုက်ရသည်။ မှန်ပါသည်။ ကျွန်မတို့ကို အရင်ဦးစားပေးလျှင် ကောင်းပါသည်။ သို့သော်လည်း ၎င်းသည် မိမိအတွက်ကိုသာ မကြည့်ဘဲ အခြားသူ၏ လိုအပ်ချက်နှင့်ဆန္ဒကို ဦးစားပေးရန် သတိပေးချက်ဖြစ်ပါသည်။

သမ္မာကျမ်းစာမှ မေတ္တာသည် စိတ်ရှည်တတ်၏၊ ကိုယ့်အကျိုးကို မရှာတတ်၊ ဒေါသအမျက် မထွက်တတ် ဟူ၍ သွန်သင်ထားသည် (၁ ကော ၁၃:၄-၅)။ သမ္မာကျမ်းအနက်ဖွင့်ကို…

ဘုရားသခင်၏ပန်းကန်ပေါ် တင်လိုက်ပါ

အရွယ်ရောက်သမီးဖြစ်သူ၏ ကျန်းမာရေးတိုးတက်အောင် ညွှန်ကြားချက်များ အတိုင်း ပြုစုစောင့်ရှောက်ခြင်း၊ အကြံပေးဆွေးနွေးမှုများ ခံယူပြီး အကောင်းဆုံး ဆေးဝါများ ရှာဖွေခြင်းတို့ကို လုပ်ဆောင်ရင်း နှစ်ပေါင်းများစွာ မိခင်တစ်ဦး ဆုတောင်းခဲ့ရသည်။ စိတ်အတက်အကျမြန်လွန်းသည့် သူမကြောင့် တစ်နေ့ပြီး တစ်နေ့ မိခင်ဖြစ်သူမှာ စိတ်လေးနေရသည်။ ဝမ်းနည်းမှုကြောင့် စိတ်ပင်ပန်းရချိန်တွင် သူ့ကိုယ်သူဂရုစိုက်ရန်လိုကြောင်း သူမသတိထားမိလာသည်။ သူမ၏စိုးရိမ်ပူပန်မှုများနှင့် ထိန်းချုပ်၍မရသည့်အရာများကို စာရွက်အပိုင်းအစများပေါ်တွင် ချရေးကာ ထိုစာရွက်များကို အိပ်ရာဘေးရှိ “ဘုရား၏ပန်းကန်ပြား”ပေါ်၌ တင်ထားရန် သူမ၏ သူငယ်ချင်းက အကြံပေးသည်။ ထိုရိုးရှင်းသည့်အလေ့အထက စိတ်ဖိစီးမှုအားလုံးကို မဖယ်ရှားပေးသော်လည်း ထိုပန်းကန်ကိုမြင်တိုင်း ထိုစိုးရိမ်ကြောင့်ကြမှုများသည် သူမ၌ရှိမနေဘဲ ဘုရား၏ပန်းကန်ပေါ်၌သာရှိကြောင်း သူမကို အမှတ်ရစေသည်။

ထိုနည်းတူ ဒါဝိဒ်၏ဆာလံကျမ်းများသည် သူ၏ဒုက္ခအခက်အခဲများကို စာရင်းပြုစုကာ ဘုရား၏ပန်းကန်ပေါ်တွင် တင်ထားခြင်းဖြစ်သည် (ဆာလံ ၅၅:၁, ၁၆-၁၇)။သူ၏သား အဗရှလုံက အာဏာသိမ်းရန်ကြိုးစားသည့်အကြောင်းတွင်၊ ဒါဝိဒ်၏ “သူငယ်ချင်းအရင်း”အဟိသောဖေလသည် သစ္စာဖောက်ပြီး သူ့ကိုသတ်ရန် ပူးပေါင်းကြံစည်မှုထဲ၌…

အမှန်တကယ် အသက်ရှင်သည်

၂၀၀၀ ခုနှစ်တွင် သင်းအုပ်ဆရာ Ed Dobson (အက်ဒ်ဒေါ့ဆန်)ALS သေစေနိုင်သော အာရုံကြောဆဲလ်များ ယိုယွင်းလာမှုရောဂါကို တွေ့ရှိသောအခါ လူထောင် ပေါင်းများစွာက ဆုတောင်းပေးခဲ့ကြသည်။ ရောဂါပျောက်ကင်းရန် ယုံကြည်ခြင်းဖြင့် ဆုတောင်းပါက ဘုရားရှင် ချက်ချင်းအဖြေပေးမည်ဟု လူများစွာက ယုံကြည်သည်။ (၁၂) နှစ်ကြာ ရောဂါနှင့်ရုန်းကန်ရပြီးနောက် အက်ဒ်၏ကြွက်သားများ တစ်ဖြည်းဖြည်း ကျုံလှီလာကာ (သူမကွယ်လွန်မီ သုံးနှစ်အလိုတွင်) ဘုရားသခင်သည် သူ့အား ယခုထိတိုင် မကုစားပေးခြင်းက ဘာကြောင့်လို့ ထင်သနည်းဟု တစ်စုံတစ်ဦးက သူ့အား မေးခဲ့သည်။ “ကောင်းသောအဖြေမရှိ၍ ဘုရားသခင်ကို ကျွန်တော် မမေးခဲ့ပါဘူး”ဟု သူဖြေခဲ့သည်။ “အဖြေတွေရဖို့သာ အမြဲတမ်းစိတ်စွဲနေရင် ကျွန်မတို့ တကယ်အသက် ရှင်နိုင်မှာမဟုတ်ဘူး”ဟု သူ၏ဇနီး Lorna (လော်နာ)က ဖြည့်စွက်ပြောခဲ့သည်။

အက်ဒ်နှင့်လော်နာ၏ စကားများ၌ ဘုရားသခင်အား လေးစားအလေးထားမှုကို သင်ရိပ်မိပါသလား။ ဘုရားသခင်၏ဉာဏ်ပညာတော်သည် သူတို့ထက် သာလွန်ကြောင်း သူတို့သိသည်။…

သင်သည် အချစ်ခံရသူဖြစ်သည်

မိန်းမငယ်လေး အယ်လီ (Allie) သည် သူမ၏ဝမ်းနည်းမှုကို ဖော်ပြရန် သစ်သားပြားတစ်ခုပေါ်တွင် “အမှန်အတိုင်းပြောရရင်၊ ငါဝမ်းနည်းတယ်။ ဘယ်သူမှ ငါနဲ့အပြင်မသွားချင်ကြဘူး။ ငါ့စကားနားထောင်ပေးတဲ့ တစ်ယောက်တည်းသောသူကိုလည်း ဆုံးရှုံးခဲ့တယ်။ ငါနေ့တိုင်း ငိုရတယ်”ဟုရေးကာ ပန်းခြံတစ်ခုတွင် ထားလိုက်သည်။

တစ်စုံတစ်ယောက်က ထိုစာတိုလေးကိုတွေ့သောအခါ သူမသည် လမ်းဘေးမြေဖြူခဲများကို ပန်းခြံသို့ ယူဆောင်လာပြီး လူများအား အယ်လီ နှင့်ပတ်သက်၍ ၎င်းတို့၏အတွေးများကို ရေးခိုင်းခဲ့သည်။ “ငါတို့ မင်းကို ချစ်တယ်။” “ဘုရားသခင်မင်းကို ချစ်တယ်။” “မင်းက အချစ်ခံရသူဖြစ်တယ်” ဟူသော ဒါဇင်ပေါင်းများစွာသော အားပေးစကားများကို အနီးဝန်းကျင်ရှိ ကျောင်းမှ ကျောင်းသူကျောင်းသားများက ရေးခဲ့ကြသည်။ ကျောင်းအုပ်ကြီးက “ဒါဟာ ကျွန်တော်တို့လက်လှမ်းမီနိုင်တဲ့ နည်း‌လေးဖြစ်ပြီး (သူမရဲ့ကွက်လပ်)ကို ဖြည့်ပေးတဲ့ အကူအညီဖြစ်နိုင်တယ်”ဟု ပြောခဲ့သည်။ တစ်ချိန်ချိန်တွင် ဝမ်းနည်းမှုနှင့် ဆင်းရဲဒုက္ခများကို ကျွန်ုပ်တို့လည်း တွေ့ကြုံခံစားရမည်ဖြစ်၍ သူမသည် ကျွန်ုပ်တို့အားလုံးကို ကိုယ်စားပြုနေသည်။

“သင်သည်…

အချိန်ရောက်သောအခါ

ကျွန်မ၏မိတ်ဆွေ Al (အောင်) နှင့် Kathy Schiffer (ကေသီ ရှီဖာ) တို့သည် သူတို့ ၏အထင်ကရဖြစ်သော၊ ဒုတိယကမ္ဘာစစ်အချိန်က လေယာဉ်ကို လေကြောင်းပြပွဲသို့ ပျံသန်းမောင်းနှင်လာရာ သက်ကြီး ဝါရင့်စစ်ပြန်ကြီးများ၏တုံ့ပြန်မှုက သူတို့အတွက် အရေးအပါဆုံးပင်။ စစ်ပြန်ကြီးများက ပြန်ပြောင်းသတိရပြီး၊ သူတို့ ဆင်နွှဲခဲ့သော စစ်ပွဲများ၊ သူတို့မောင်းနှင်ခဲ့သော လေယာဉ်များအကြောင်း ပြောဆိုဆွေးနွေးနိုင်သည်။ သူတို့၏ တိုက်ပွဲအများစုအကြောင်းကို မျက်ရည်ဝဲလျက် ပြန်ပြောခဲ့ကြသည်။ တိုင်းပြည်တာဝန်ထမ်းဆောင်စဉ် သူတို့ရရှိသော အကောင်းဆုံးသတင်းမှာ “ရဲဘော်တို့၊ စစ်ပွဲပြီးဆုံးပြီ၊ အိမ်ပြန်ဖို့အချိန်ရောက်ပြီ” ဟူ၍ဖြစ်ကြောင်း စစ်ပြန်များက ပြောပြသည်။

ကျွန်မတို့ ဝိညာဉ်များ၏ရန်သူ မာရ်နတ်ကို ဆန့်ကျင်တိုက်လှန်သည့် သခင်ယေရှု၌ ယုံကြည်သူ စစ်သည်များ ပါဝင်တိုက်ခိုက်သော၊ ကျွန်မတို့၏ ကောင်းသောယုံကြည်ခြင်း တိုက်ပွဲမှာ ကနဦးမျိုးဆက်များ ပြောဆိုသော ဤစကားများနှင့် ဆက်စပ်နေသည်။ “သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်‌သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏”ဟု…

နေရာအပြောင်းအလဲ

ကျွန်မသူငယ်ချင်း Joann (ဂျိုအန်း)သည် ကိုရိုနာဗိုင်းရပ်စတင်ပြန့်ပွားသည့် ၂၀၂၀ ခုနှစ် တွင် လေဖြတ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့သည်။ အစပိုင်းတွင် သူ၏အောက်မေ့ဖွယ်အစည်းအဝေးကို ဘုရားကျောင်းတွင်ပြုလုပ်မည်ဟု သူ့မိသားစုက ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် တက်ရောက်သူဦးရေကို လျော့ချရန်အတွက် အသုဘရှုရန်နေရာတွင်သာပြုလုပ်ရန် အကောင်းဆုံးဟု ဆုံးဖြတ်ခဲ့သည်။ အွန်လိုင်းအသိပေးစာတွင် “Joann Warners (ဂျိုအန်း ဝယ်နာစ်) - နေရာအပြောင်းအလဲရှိသည်” ဟု ရေးသားထားသည်

မှန်ပါသည်၊ သူမ၏နေရပ် ပြောင်းသွားသည်။ သူမသည် မြေကြီးမှ ကောင်းကင် ဘုံသို့ ထွက်ခွာသွားပြီဖြစ်သည်။ ဘုရားသခင်သည် သူမ၏အသက်တာကို လွန်ခဲ့သောနှစ်များက ပြောင်းလဲစေခဲ့ပြီး၊ သူမသည် ဘုရားရှင်အား နှစ်ငါးဆယ်နီးပါး မေတ္တာဖြင့် အစေခံခဲ့သည်။ ဆေးရုံတွင် သေလုမျောပါး လဲနေရချိန်၌ပင် ရုန်းကန်နေရသော သူမ ချစ်ရသည့်သူများအကြောင်း မေးနေခဲ့ပါသေးသည်။ ယခုတွင် သူမ၏ဘုရားရှင်နှင့်အတူ ရှိနေပြီ။ သူမ၏နေရပ်ပြောင်းသွားပါပြီ။

တမန်တော်ရှင်ပေါလုလည်း အခြားနေရာတစ်ခုတွင် ခရစ်တော်နှင့်အတူရှိလိုသည့် ဆန္ဒ ရှိခဲ့သော်လည်း (၂…

ကောင်းကင်တမန် အပေါင်းအဖော်များ

Bev (ဘဗ်)၏အချိန်ဇယား၌ ဆေးစစ်မှုများ တစ်ခုပြီးတစ်ခုနှင့် ပြည့်နေပြီး သူမ၏စိတ်ထိခိုက်မှုနှင့် စိတ်ပျက်မှုတို့ သူမကို လွှမ်းမိုးလာသည်။ သူမ၏ခန္ဓာကိုယ်တစ်နေရာရာ တွင် ရှိနေမည့်ကင်ဆာရောဂါကို  ရှာဖွေလျက်ရှိကြောင်း ဆရာဝန်များ ပြောသောအခါ သူမထိတ်လန့်ခဲ့ရသည်။ နေ့စဥ်နှင့်အမျှ ဘုရားသခင်ထံသို့ ဦးလှည့်သောအခါ (သို့) သမ္မာကျမ်းစာကို ဖတ်ရှုသောအခါ ဘုရားရှင်သည် သူ၏အတူတည်ရှိခြင်း ကတိတော်များနှင့် ခိုင်မြဲသော ငြိမ်သက်ခြင်းအားဖြင့် သူမကို သစ္စာရှိစွာ ခွန်အားဖြည့်ပေးခဲ့သည်။ သူမသည် မသေချာမှုများနှင့် တိုက်ပွဲဝင်ရုန်းကန်ခဲ့ရပြီး မကြာခဏ ဆိုသလို “တကယ်လို့များ ... ဖြစ်ခဲ့ရင်” ဟူသည့် ဝန်ထုပ်ကို ဘုရားသခင်၏ပုခုံးပေါ်၌တင်ရန် သင်ယူခဲ့ရသည်။ တစ်မနက်တွင် အရေးကြီးသော ခွဲစိတ်ကုသမှုမပြုမီ ထွက်မြောက်ရာကျမ်း ၂၃ မှ “လမ်းခရီး၌ သင့်ကို စောင့်ရှောက်၍ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ ကောင်းကင်တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏” (:၂၀)ဟူသည့် ကျမ်းပိုဒ်က ရုတ်တရက် သူမ၏နှလုံးသားထဲသို့…

ခရစ်တော်၌ အခြေပြုသောလူမှုအသိုင်းအဝိုင်း

ဘဟားမားစ် ကျွန်းစုများ၏ တောင်ဘက်ခြမ်းတွင် Ragged (ရက်ဂတ်)ကျွန်းဟုခေါ်သော ကျွန်းလေးတစ်ခုရှိသည်။ ၁၉ ရာစုနှစ်က ထိုကျွန်းတွင် ဆားချက်လုပ်ငန်း ရှိခဲ့သော်လည်း ထိုလုပ်ငန်းကျဆင်းလာမှုကြောင့် လူအများအပြားသည် အနီးအနား ကျွန်းများသို့ ပြောင်းရွှေ့သွားကြသည်။ ၂၀၁၆ ခုနှစ်တွင် ထိုကျွန်းပေါ်၌ လူဦးရေ (၈၀) အောက်သာ ရှိသည့်အချိန်က ဘာသာရေးဂိုဏ်းဂဏ (၃) ခု ရှိခဲ့သည်။ သို့သော်လည်း ဝတ်ပြုရန်နှင့် မိတ်သဟာယဖွဲ့ရန် နေရာတစ်ခုတည်း၌ လူတို့ အပတ်စဥ် စုဝေးကြသည်။ ကျွန်းပေါ်၌နေထိုင်သူ အလွန်နည်းသောကြောင့် လူမှုအသိုင်းအဝိုင်းစိတ်ဓာတ်သည် သူတို့အတွက် အထူးသဖြင့် အလွန်အရေးပါခဲ့သည်။

ကနဦးအသင်းတော်မှ လူတို့သည်လည်း လူမှုအသိုင်းအဝိုင်းစိတ်ဓာတ်ကို အရေးတကြီး လိုအပ်ပြီး တောင့်တခဲ့သည်။ သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သူတို့အသစ် တွေ့ရှိခံယူခဲ့သည့် ယုံကြည်ခြင်းအတွက် သူတို့ စိတ်လှုပ်ရှားဝမ်းမြောက်ခဲ့ကြသည်။ သို့သော်လည်း သခင်က သူတို့နှင့် ကိုယ်တိုင်အတူ မရှိတော့သည်ကို…

စွန့်စားမှု

“ခရစ်ယာန်ဘာသာဟာ ကျွန်မအတွက် မဟုတ်ဘူး။ ပျင်းစရာကောင်းတယ်။ စွန့်စားမှုဆိုတာ ကျွန်မတန်ဖိုးထားတဲ့ အရာတွေထဲက တစ်ခုဖြစ်ပြီး အဲတာကျွန်မဘဝပါပဲ” ဟု အမျိုးသမီးငယ်တစ်ဦးက ကျွန်မကိုပြောပြခဲ့သည်။ ခရစ်တော်နောက်လိုက်ခြင်းအားဖြင့် အခြားဘာနှင့်မှမတူသော၊ စွန့်စားမှုတစ်ခုဖြစ်သည့် ထူးခြားပျော်ရွင်မှုနှင့် စိတ်လှုပ်ရှားမှုများ ရရှိမည်ကို သူမမသိသေးသည့်အတွက် ကျွန်မစိတ်မကောင်းဖြစ်မိပါသည်။ သခင်ယေရှုအကြောင်းနှင့် စစ်မှန်သောဘဝကို ကိုယ်တော်၌သာ ရှာဖွေနိုင်ကြောင်းကို သူမအား စိတ်လှုပ်ရှားစွာ ဝေမျှခဲ့သည်။

ဘုရားသားတော် ယေရှုကို သိကျွမ်းပြီး သူနှင့်အတူလျှောက်လှမ်းခြင်းဟူသော စွန့်စားမှုကိုဖော်ပြရန်မှာ စကားလုံးနှင့်မျှ မလုံလောက်ပါ။ ဧဖက်သြဝါဒစာ ၁ တွင် တမန်တော်ရှင်ပေါလုသည် ကျွန်ုပ်တို့အား အနည်းငယ်သာဖြစ်သော်လည်း ကိုယ်တော်၌ တည်သောအသက်တာသည် အစွမ်းထက်ကြောင်းကို အရိပ်အမြွက် ပြောပြသည်။ ဘုရားသခင်သည် ကျွန်မတို့အား ဝိညာဉ်ရေးကောင်းချီးများကို ကောင်းကင်မှတိုက်ရိုက်ပေးသနားပြီး (:၃)၊ ဘုရား၏အမြင်တွင် သန့်ရှင်းခြင်းနှင့် အပြစ်ကင်းစင်ခြင်း (:၄)၊ ဘုရား၏တော်ဝင်မိသားစုတွင် အမွေစားအမွေခံဖြစ်ခြင်း (:၅)တို့ကို ပေးတော်မူသည်။ ထို့ပြင်ကြွယ်ဝသောခွင့်လွှတ်ခြင်းနှင့် ကျေးဇူးတော်…